ခေတ်မီနည်းပညာတွေနဲ့ တိုးတက်ပြောင်းလဲလာတဲ့ယနေ့ခေတ်မှာ ကိုလိုနီခေတ်ဗိသုကာလက်ရာတွေကို ဆက်လက်ထိန်းသိမ်းထားဆဲလျက်ရှိတဲ့ ရန်ကုန်မြို့က ဟိုတယ်အချို့ကို Oway ခရီးသွားမိတ်ဆွေတွေအတွက် ဝေမျှပေးလိုက်ပါရစေ။
The Strand Hotel
၁၉၀၁ ခုနှစ်ကတည်ဆောက်ခဲ့တဲ့ Strand Hotel ဟာ ရန်ကုန်မြို့ရဲ့သက်တမ်းအရင့်ဆုံးဟိုတယ်တစ်ခုဖြစ်ပြီး ရန်ကုန်မြို့ရဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းမှာပါဝင်ခဲ့ပါတယ်။ ခန့်ညားထည်ဝါတဲ့ မျက်နှာကျက်အမြင့်ကြီးတွေ၊ ကြိမ်ထည်ပရိဘောဂတွေနဲ့ စကျင်ကျောက်ကြမ်းပြင်တွေဟာ Strand Hotel ရဲ့ပြယုဂ်တွေပါပဲ။
Belmond Governor’s Residence
အမေရိကန်လူမျိုး Samuel နဲ့ Carapiet Balthazar ညီအစ်ကိုပိုင်ဆိုင်ခဲ့တဲ့ ဘယ်လ်မွန်စံအိမ်ကို ၁၉၂၀ ဝန်းကျင်ကတည်ဆောက်ခဲ့တာဖြစ်ပါ။ ကျွန်းသစ်နဲ့တည်ဆောက်ထားတဲ့ ခမ်းနားထည်ဝါတဲ့ နှစ်ထပ်စံအိမ်တော်ကြီးကို ၁၉၅၂ ခုနှစ်မှာ အစိုးရကသိမ်းယူခဲ့ပါတယ်။
၁၉၉၅ ခုနှစ်မှာတော့ ပြင်သစ်ဗိသုကာပညာရှင် Patrick နဲ့ RobertPansea Hotel ပူးပေါင်းပြီး ဟိုတယ်အဖြစ်ပြုပြင်ပြောင်းလဲခဲ့ပါတယ်။ အခုအချိန်မှာတော့ Kipling Bar and Mandalay Restaurant အဖြစ်ဖွင့်လှစ်ထားပါတယ်။
Savoy Hotel Yangon
Savoy Hotel Yangon ကို ၁၉၄၀ ခုနှစ်ဝန်းကျင်ကတည်ဆောက်ခဲ့ပြီး အမေရိကန်လူမျိုးဆရာဝန်တစ်ယောက် ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာတော့ ကျွန်းသစ်နဲ့ပြုလုပ်ထားတဲ့ ဧည့်ကြိုကောင်တာ၊ ရှေးဟောင်းနာရီ တွေဖြည့်စွက်ပြီး အခြားပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ ဟိုတယ်အဖြစ်ပြောင်းလဲခဲ့ပါတယ်။
Kandawgyi Palace Hotel
Kandawgyi Palace Hotel ကိုတော့ ၁၉၃၀ ဝန်းကျင်ကာလလောက်မှာ ဥရောပအရာရှိကြီးတွေရဲ့ ပုံမှန်တွေဆုံရပ်ဖြစ်တဲ့ ရန်ကုန်လှေလှော်အသင်းအဆောက်အအုံအဖြစ်အသုံးပြုခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ကာလအတွင်းမှာ ဂျပန်လူမျိုးတွေရဲ့သက်သာချောင်ချိရေးဗဟိုရုံးဖြစ်ခဲ့ပြီး ၁၉၄၈ ခုနှစ်မှာတော့ အမျိုးသားဇီဝဗေဒပြတိုက်အဖြစ်ပြောင်းလဲခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်ရောက်တဲ့အခါမှာတော့ ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဋ္ဌာနက ဟိုတယ်အဖြစ်ပြောင်းလဲခဲ့ပါတယ်။
Sule Shangri-La Hotel
၁၉၉၃ ခုနှစ်မှာ ဆူးလေဘုရားဝန်းကျင်က ကော်ဖီဆိုင်လေးတွေနေရာကို ၂၆ ထပ်အမြင့်ရှိတဲ့ Traders Hotel အဆောက်အအုံနဲ့ အစားထိုးခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ ၂ နှစ်ခွဲကျော်ကြာတဲ့ပြန်လည်ပြုပြင်မှုတွေအပြီး Sule Shangri-La Hotel ဖြစ်လာခဲ့ပါတယ်။
မျက်နှာကျက်အမြင့်ကြီးတွေ၊ မြန်မာ့လက်ရာပန်းအိုးတွေ၊ ခန့်ညားလှပတဲ့လှေကားတွေနဲ့ လှပထည်ဝါနေတဲ့ Sule Shangri-La Hotel အတွင်းပိုင်းမှာ ကိုလိုနီခေတ်ပုံစံများထည့်သွင်းတည်ဆောက်ထားပါတယ်။
Flight, Hotel, Express Buses, Car Rental, Tour, Visa စတဲ့ခရီးသွားဝန်ဆောင်မှုတွေ
Oway Website >> https://oway.com.mm/
Oway Travel App >> oway.com.mm/mobile
#Oway #Travel #ExpressBus